ဖော့တုံးဘိုဖြူ

ဖော့တုံးဘိုဖြူ

ကျွန်တော် နဂိုကမှ စကားနည်းရတဲ့အထဲ အခုဆိုရင် ပိုပြီးတောင် စကားမပြောဖြစ်တော့ဘူး။ ကျွန်တော့် စိတ်ထဲ ရှိတဲ့ ဆင်းရဲဒုက္ခတွေကို တစ်ယောက်ယောက်ကို ပြောပြချင်ပေမယ့်လည်း ဘယ်သူ့ကို ပြောရမလဲမသိဘူး။ ကျွန်တော့်မိန်းမကလည်း သူ့ဘာသာသူတောင် မနည်းရပ်တည်နေရတာ၊ သူ့ကို ကျွန်တော့်အပူတွေ မပေးချင် တော့ဘူး။

Read More

ကျန်းမာသောချစ်ခြင်းများဆီ

ကျန်းမာသောချစ်ခြင်းများဆီ

ကျွန်တော် စိတ်ကျတဲ့အချိန်မှာ မြင်မြင်သမျှက အဆင်မပြေဘူး။ အရာရာကလည်း ထိလွယ်ရှလွယ်ပဲ။ အဲဒီအချိန်မှာ ကျွန်တော် သိပ်ချစ်တဲ့ လက်တွဲဖော်ကို အော်ဟစ် ဆဲဆိုမိတယ်။ ရိုက်နှက်တယ်။ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ဒေါသနဲ့ ဖောက်ခွဲတယ်။ ဘာဆိုဘာမှ အခြေတကျ မရှိတဲ့ ဘဝမှာ အနာဂတ်ဆိုတာ ရေရေရာရာ မရှိခဲ့ဘူး။

Read More

တန်ဖိုး

တန်ဖိုး

တစ်ခါတစ်ခါ ကျွန်မ ဘာအလုပ်မလုပ်ဘဲ တစ်နေကုန် အိပ်ပဲ အိပ်နေမိတယ်။ အိပ်နေရင် အရာအားလုံးကို မေ့သွားတယ်။ ဒါပေမဲ့ ကျွန်မ ပြန်နိုးထလာချိန်မှာ ဆက်ရှင်သန်ရတယ်။ ကျွန်မ ဆုံးဖြတ်ချက် တစ်ခု ချလိုက်တယ်။ ကျွန်မကို တန်ဖိုးမထားတဲ့ ပတ်ဝန်းကျင်ကနေ ရုန်းထွက်ဖို့။ ကျွန်မကိုယ် ကျွန်မ ပြန်ရှာဖွေတယ်။

Read More

ဖိုးချွဲ

ဖိုးချွဲ

ငါ့မှာ ငါ့တိုင်းပြည်အကြောင်းတွေ ငါ့တိုင်းပြည်ကလူတွေ သေကျေ ဒုက္ခရောက်တာတွေကြောင့် စိတ်မကောင်းရတာတွေ၊ ငါ့မိသားစုကို စိတ်ပူတာတွေ၊ ငါ့အိမ်ထောင်ရေးပြဿနာတွေရှိနေပေမယ့် အဲ့ဒါတွေက ထုတ်ပြောလို့ရသေးတယ်ဟယ်။ ဒါပေမယ့် ငါ့ကြောင့် နင်ဒုက္ခရောက်ရတယ်ဆိုတဲ့ အပြစ်စိတ်ကြီး အရမ်းကြီးနေတာကိုတော့ ဘယ်သူ့ကိုမှ မပြောမိဘူး။

Read More

ရိုဘော့

ရိုဘော့

ကြောက်တယ်ဆိုတာ ဘယ်လိုမျိုးလဲ။ စိတ်လှုပ်ရှားတာတို့ ဝမ်းနည်းတာတို့ဆိုတာရော ဘယ်လိုဖြစ်တာမျိုးလဲ။ သူများတွေ သတင်းဆိုးတွေ ကြားရလို့ ငိုနေရင်လည်း ကျွန်မက ကြောင်တောင်တောင်ကြီးနဲ့။ ဘာခံစားရမလဲဆိုတာကို ကျွန်မ တကယ်မသိတော့တာ။

Read More

တွင်းအောင်းကြွက်

တွင်းအောင်းကြွက်

မလွတ်မြောက်နိုင်မှန်းသိလာတဲ့အခါ၊ ဘာမှမတုံ့ပြန်နိုင်မှန်း သိလာတဲ့အခါ ကိုယ့်ကိုယ်ကို နာကျင်အောင် လုပ်မိတယ်။ ပြီးခဲ့တဲ့ ကိစ္စ တော်တော်များများ အရင်လို မှတ်ဉာဏ်ထဲမှာ စွဲနေတာမျိုး မရှိတော့ဘူး။ မေ့လွယ်လာခဲ့တယ်။

Read More

ကြောက်စိတ်

ကြောက်စိတ်

စစ်သားတွေ သေနတ်ပစ်တဲ့ အသံကြားရင် အသက်ဝဝ မရှူရဲဘူး။ ညဘက် ရပ်ကွက်ထဲ စစ်ကားတွေ ကင်းလှည့်ရင် တိတ်တိတ်လေး အသံမထွက်အောင် မီးပိတ်ပြီး ခိုးနေရတယ်။

Read More

အနီ

အနီ

ဘယ်လိုပဲ ကြိုးစားကြိုးစား အိပ်ပျော်သွားလည်း ခဏပဲ။ အိပ်မက်တွေ အသံတွေ မြင်ကွင်းတွေကြောင့် ကျွန်တော် ခဏခဏ လန့်နိုးတယ်။ ကြည့်လေရာမှာ အနီကွက်တွေပဲ မြင်တယ်။ နားထဲမှာ ငိုသံတွေပဲ ကြားနေတယ်။ နေ့တိုင်း ပုံမှန်လို ကြိုးစားအလုပ်လုပ်ရင်း နေထိုင်နေပေမယ့် ပုံမှန်လည်း မဖြစ်လာတော့ပါဘူး။

Read More

နာကျင်နေကြာ

နာကျင်နေကြာ

သေးသေးလေးဖြစ်သွားရတယ်ဆိုတဲ့ ခံစားချက်ကို ကျွန်တော် ခံစားရတာက အဲ့ဒီတစ်ချိန်ပဲ။ တစ်သက်လုံးဘယ်တုန်းကမှ နားမလည်ခဲ့တဲ့ အဲ့ဒီခံစားချက်လေ.. “သေးသေးလေး ဖြစ်သွားသလိုပဲ”။ အရာအားလုံးက ကိုယ့်ထက်ကြီးမားပြီး ကိုယ့်အပေါ်ပြိုကျ ပိတ်လှောင်တော့မလို။ အရာအားလုံးက ကိုယ့်အတွက်ကြောက်လန့်စရာတွေ ဖြစ်ပြီး ကိုယ့်မှာတော့ ပြေးပုန်းစရာ နေရာလည်းရှာမရသလို။ ကိုယ့်ဘာသာ ယုံကြည်ချက်ဆိုတာတွေလည်း မရှိတော့ဘူး။

Read More

ဒါတကယ်အရေးကြီးတယ်

ဒါတကယ်အရေးကြီးတယ်

ကျွန်မနေတဲ့ မြို့သေးသေးလေးမှာ စနေစျေးနေ့ဆိုပြီး မနက်ခင်းစျေးလေး တစ်ခု ရှိတယ်။ အဲ့ဒီနေ့က သူငယ်ချင်းတစ်ယောက်နဲ့ ချိုင်းတီးလို့ ခေါ်တဲ့ လက်ဖက်ရည်လေးရယ်၊ ပရက်ဇယ်လို့ ခေါ်တဲ့ ဂျာမန့်ပေါင်မုန့်လေး စားနေခဲ့တာ။ အသက် ၄၅ နှစ်လောက်ရှိတဲ့ ဒတ်ချ်လူမျိုး ယောကျာ်းကြီးတစ်ယောက် ကျွန်မတို့ နှစ်ယောက်ထိုင်နေတဲ့ ခုံမှာ နှုတ်ဆက်ရင်း ၀င်ထိုင်တယ်။

Read More

ပုံပြင်ဟောင်းလေးပါပဲ

ပုံပြင်ဟောင်းလေးပါပဲ

ကျွန်မငယ်စဉ်ကတည်းက body shaming လုပ်ခြင်းခံခဲ့ရပါတယ်။

အဲ့ဒီအချိန်တုန်းက body shaming ဆိုတဲ့စကားလုံးက အခုလို မတွင်ကျယ်သေးပါဘူး။ အဲ့အချိန်ကလူတွေကလည်း တစ်စုံတစ်ယောက်ကို body shaming မလုပ်သင့်ဘူးလို့ မသိခဲ့ကြသေးတာလည်း ပါမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မရဲ့ ငယ်ဘဝကတော့ လူတွေရဲ့လက်လွတ်စပယ်ပြောခဲ့တဲ့ စကားလုံးတွေကြောင့် ပျက်စီးခဲ့ရပါတယ်။

Read More

လစာ

လစာ

လစဥ်လတိုင်း Excel File လေးကို ဂဏန်းတွေ ပြန်ပြောင်းမယ်။ Finance Department မှ ကောင်မလေးတစ်ယောက်က လက်မှတ်ပြန်ထိုးပေးရမယ်။ ဒါက ကိုမောင်မောင်ရဲ့ လစဥ်ကိစ္စတစ်ခုဘဲ ဖြစ်တယ်။ ငွေစာရင်းဌာနက မိန်းကလေးဝန်ထမ်းလေးများရဲ့ လုပ်ရိုးလုပ်စဥ်လည်း ဖြစ်ပါတယ်။

Read More

ပျားကလေးက နောက်ဆုံးတော့ အိမ် တွေ့ ခဲ့ပါပြီ

ပျားကလေးက နောက်ဆုံးတော့ အိမ် တွေ့ ခဲ့ပါပြီ

ဟေ့ ယူက..ပန်းချစ်သူလားဟင် …

ဒါဆိုရင်

ချစ်စရာ ထားဝယ်မှိုင်းပန်းလေးတွေက မြင်ရရုံနဲ့ လူတစ်ယောက်ကို အသေသတ်နိုင်တယ်ဆိုရင် ယူတို့ ယုံနိုင်ကြပါ့မလာ ...?

Read More

ကျမရဲ့ဇာတ်လမ်း

ကျမရဲ့ဇာတ်လမ်း

ကျမ ခန္ဓာကိုယ်ဟာ ဘယ်လိုရှင်သန်သလဲဆိုတာ ပြန်စဉ်းစားရင်း ကျမရဲ့ ခန္ဓာကိုယ်ထဲ တဖန်ပြန်လည် ရှင်သန်ဖို့ ကျမ စတင်ခဲ့တယ်။ ကျမရဲ့ ခြေထောက်တွေကို လမ်းတွေလျှောက်ဖို့၊ အမြင့်ကိုတက်ဖို့ အသုံးပြုရင်း ကျမရဲ့ သွေးတွေနွေးလာကာ ကြွက်သားတွေလည်း ပြေလျော့လာခဲ့တယ်။

Read More

စိတ်ထဲကအမှောင်

စိတ်ထဲကအမှောင်

ကျမ အသက် ၆ နှစ်အထိ အမှောင်ဆိုတာကို မသိခဲ့ဘူး..

အသက် ၆ နှစ်မှာ အိမ်အသစ်တစ်ခုကို ပြောင်းသွားရတာ ကျမ မှတ်မိတယ်.. အိမ်အနီးအနားမှာ ကလေးတွေ အများကြီးရှိတာလည်း မှတ်မိတယ်.. ကလေးတွေ အတူတူ ဆော့ကြတိုင်း ကလေးအုပ်ကြီးနားမှာ အသက်ကြီးကြီး အစ်ကိုကြီး ၂ ယောက်က အမြဲတမ်းပဲ “ဟိုလူဟိုဟာလုပ် ဒီလူဒီဟာလုပ်” နဲ့ ကလေးသူကြီးလုပ်နေတယ်ဆိုတာကိုလည်း မှတ်မိတယ်.. အသက်ငယ်ငယ် ပိန်ပိန်သေးသေး ကျမက ကစားတိုင်းအမြဲတမ်း ထိလွယ်ရှလွယ် လဲပြိုလွယ်လို့ အသင်းတွေခွဲပြီး ကစားကြတိုင်း ကျမကို ဘယ်ဘက်ကမှ မခေါ်ချင်တာလည်း မှတ်မိခဲ့သေးတယ်..

Read More

အဒေါ်နန်း

အဒေါ်နန်း

အဒေါ်က လင်းခေးကလေ။

အဒေါ်တို့ ၁၇ နှစ်သမီးအရွယ်ကတည်းက ဒီထိုင်းဘက် ရောက်တာပဲ။

ယောကျာ်းရပြီးတော့ အလုပ်လုပ်မယ်ဆိုပြီး ထွက်လာတာ။

Read More

ချီတာ

ချီတာဆိုတဲ့ အသက် ၈ နှစ်အရွယ် ကလေးမလေးတစ်ယောက်ပါ။ ချင်းမိုင်ရဲ့ မြောက်ဘက်ပိုင်း ရွာသေးသေးလေးမှာ အဘိုးအဘွားရယ်၊ အဖေရယ်၊ မောင်လေးရယ်နဲ့အတူ နေပါတယ်။ ချီတာ ငယ်ငယ်လေးမှာပဲ သူ့အမေနဲ့ အဖေ လမ်းခွဲခဲ့ကြတယ်။ ချီတာရဲ့ မောင်လေးက မွေးခါစပဲ ရှိသေးတယ်။

Read More

အသက် ၁၈ နှစ်အရွယ်

ယခု ဇာတ်လမ်းတိုကို ဖန်တီးသူ ကိုဆက်ကနေ Doh Zat က တစ်ဆင့် တင်ဆက်ခွင့်ပြုထားခြင်း ဖြစ်ပါတယ်။


ယနေ့ခေတ်မှာဆိုရင် မူးယစ်ဆေးဝါးတွေ လွယ်လင့်တကူရတာကြောင့် ဆိုးကျိုးတွေ အများကြီးရှိနေပါတယ်။ ဒီဗီဒီယိုထဲမှာဆိုရင် သူ့အဖေရဲ့ ဆေးစွဲပြီး မုဒိန်းကျင့်တဲ့အတွက်ကြောင့် ဒီကလေးမှာ နောက်ဆက်တွဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေကို ခံစားရမှာ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးတွေဟာဆိုရင် အခြေခံလူတန်းစားတွေကို အမြတ်ထုတ်ဖို့အတွက် သူတို့ရဲ့ ပတ်ဝန်းကျင်မှာလည်း များစွာ ပြန့်ကျဲနေတာကိုလည်း တွေ့ရပါတယ်။ ဒီလိုမျိုး သူတို့တွေအနေနဲ့ မူးယစ်ဆေးဝါးရဲ့ သားကောင်ဖြစ်ရတဲ့ အကြောင်းအရင်းတွေကိုလည်း သိအောင် ပြုလုပ်ပြီး ဒီပြဿနာတွေကို ဖြေရှင်းပေးဖို့ လိုအပ်ပါတယ်။ မိဘတွေက သားသမီးတွေအပေါ်မှန်ကန်တဲ့ အုပ်ထိန်းမှုနဲ့အတူ ပြုစုစောင့်ရှောက်ဖို့ရန်နဲ့ ကိုယ်ရဲ့ အပြုအမူတွေကြောင့် သားသမီးတွေကို ဘယ်လိုထိခိုက်နိုင်မလဲ ဆိုတာကို တွေးဖို့ လိုပါတယ်။ မိဘတွေရဲ့ အပြုအမူတွေကြောင့် သားသမီးတွေက ဆေးသုံးစွဲပြီး ဘ၀ကို ထိခိုင်စေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီကိစ္စမှာဆိုရင် အဖေဖြစ်သူက မူးယစ်ဆေးသုံးပြီး ကိုယ့်ရဲ့ အသက်မပြည့်သေးတဲ့ သမီးအရင်းကို မုဒိန်းကျင့်တာဟာ ခွင့်မလွှတ်နိုင်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ပတ်ဝန်းကျင်ကလည်း ခံရသူနှင့် မိသားစုကို အဖေဖြစ်တာကြောင့် ခွင့်လွှတ်လိုက်ပါ ဆိုတာမျိုးနဲ့အတူ ကျေအေးပေးရန် ဖိအားမပေးသင့်ပါဘူး။ နောက်ဆုံးအနေနဲ့ ဒီဗီဒီယိုထဲက ကလေးငယ်တွေအတွက် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ဖန်တီးပေးဖို့လည်း လိုအပ်ပါတယ်။

ကြယ်

ကြယ်

ဂွမ်း! လေထဲတစ်ခုခုဇွတ်ခနဲဆိုပြီးဖြတ်သွားပြီးကျကွဲသွားသံ။ မြန်မြန်ငုပ်နော်နို့မို့ဆိုလေထဲကပျံသန်းနေသော အရာဝတ္ထုက ကျွန်ုပ်၏ ဦးခေါင်းးနိုင်သည်။ ငါ့အစား ငါ့ခေါင်းဖြစ်စေချင်တယ်။ ဒါ​ပေမယ့်​ ဒါ ငါ့အ​မေ။ ပြီးတော့ ဧည့်ခန်းရဲ့ စားပွဲပေါ်ကနေ သောက်ခွက်ကို ပစ်ပေါက်လိုက်တဲ့ အဖေဆီက အသံထွက်လာတယ်။ ဖေဖေ မေမေနဲ့ မောင်နှမတွေကို ရိုက်ဖူးတဲ့ တုတ်နဲ့ ရိုက်တယ်။

Read More