Child abuse

စိတ်ထဲကအမှောင်

စိတ်ထဲကအမှောင်

ကျမ အသက် ၆ နှစ်အထိ အမှောင်ဆိုတာကို မသိခဲ့ဘူး..

အသက် ၆ နှစ်မှာ အိမ်အသစ်တစ်ခုကို ပြောင်းသွားရတာ ကျမ မှတ်မိတယ်.. အိမ်အနီးအနားမှာ ကလေးတွေ အများကြီးရှိတာလည်း မှတ်မိတယ်.. ကလေးတွေ အတူတူ ဆော့ကြတိုင်း ကလေးအုပ်ကြီးနားမှာ အသက်ကြီးကြီး အစ်ကိုကြီး ၂ ယောက်က အမြဲတမ်းပဲ “ဟိုလူဟိုဟာလုပ် ဒီလူဒီဟာလုပ်” နဲ့ ကလေးသူကြီးလုပ်နေတယ်ဆိုတာကိုလည်း မှတ်မိတယ်.. အသက်ငယ်ငယ် ပိန်ပိန်သေးသေး ကျမက ကစားတိုင်းအမြဲတမ်း ထိလွယ်ရှလွယ် လဲပြိုလွယ်လို့ အသင်းတွေခွဲပြီး ကစားကြတိုင်း ကျမကို ဘယ်ဘက်ကမှ မခေါ်ချင်တာလည်း မှတ်မိခဲ့သေးတယ်..

Read More

ချီတာ

ချီတာဆိုတဲ့ အသက် ၈ နှစ်အရွယ် ကလေးမလေးတစ်ယောက်ပါ။ ချင်းမိုင်ရဲ့ မြောက်ဘက်ပိုင်း ရွာသေးသေးလေးမှာ အဘိုးအဘွားရယ်၊ အဖေရယ်၊ မောင်လေးရယ်နဲ့အတူ နေပါတယ်။ ချီတာ ငယ်ငယ်လေးမှာပဲ သူ့အမေနဲ့ အဖေ လမ်းခွဲခဲ့ကြတယ်။ ချီတာရဲ့ မောင်လေးက မွေးခါစပဲ ရှိသေးတယ်။

Read More

အသက် ၁၈ နှစ်အရွယ်

ယခု ဇာတ်လမ်းတိုကို ဖန်တီးသူ ကိုဆက်ကနေ Doh Zat က တစ်ဆင့် တင်ဆက်ခွင့်ပြုထားခြင်း ဖြစ်ပါတယ်။


ယနေ့ခေတ်မှာဆိုရင် မူးယစ်ဆေးဝါးတွေ လွယ်လင့်တကူရတာကြောင့် ဆိုးကျိုးတွေ အများကြီးရှိနေပါတယ်။ ဒီဗီဒီယိုထဲမှာဆိုရင် သူ့အဖေရဲ့ ဆေးစွဲပြီး မုဒိန်းကျင့်တဲ့အတွက်ကြောင့် ဒီကလေးမှာ နောက်ဆက်တွဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေကို ခံစားရမှာ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးတွေဟာဆိုရင် အခြေခံလူတန်းစားတွေကို အမြတ်ထုတ်ဖို့အတွက် သူတို့ရဲ့ ပတ်ဝန်းကျင်မှာလည်း များစွာ ပြန့်ကျဲနေတာကိုလည်း တွေ့ရပါတယ်။ ဒီလိုမျိုး သူတို့တွေအနေနဲ့ မူးယစ်ဆေးဝါးရဲ့ သားကောင်ဖြစ်ရတဲ့ အကြောင်းအရင်းတွေကိုလည်း သိအောင် ပြုလုပ်ပြီး ဒီပြဿနာတွေကို ဖြေရှင်းပေးဖို့ လိုအပ်ပါတယ်။ မိဘတွေက သားသမီးတွေအပေါ်မှန်ကန်တဲ့ အုပ်ထိန်းမှုနဲ့အတူ ပြုစုစောင့်ရှောက်ဖို့ရန်နဲ့ ကိုယ်ရဲ့ အပြုအမူတွေကြောင့် သားသမီးတွေကို ဘယ်လိုထိခိုက်နိုင်မလဲ ဆိုတာကို တွေးဖို့ လိုပါတယ်။ မိဘတွေရဲ့ အပြုအမူတွေကြောင့် သားသမီးတွေက ဆေးသုံးစွဲပြီး ဘ၀ကို ထိခိုင်စေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီကိစ္စမှာဆိုရင် အဖေဖြစ်သူက မူးယစ်ဆေးသုံးပြီး ကိုယ့်ရဲ့ အသက်မပြည့်သေးတဲ့ သမီးအရင်းကို မုဒိန်းကျင့်တာဟာ ခွင့်မလွှတ်နိုင်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ပတ်ဝန်းကျင်ကလည်း ခံရသူနှင့် မိသားစုကို အဖေဖြစ်တာကြောင့် ခွင့်လွှတ်လိုက်ပါ ဆိုတာမျိုးနဲ့အတူ ကျေအေးပေးရန် ဖိအားမပေးသင့်ပါဘူး။ နောက်ဆုံးအနေနဲ့ ဒီဗီဒီယိုထဲက ကလေးငယ်တွေအတွက် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ဖန်တီးပေးဖို့လည်း လိုအပ်ပါတယ်။