MyWordsOurStories

ဖော့တုံးဘိုဖြူ

ဖော့တုံးဘိုဖြူ

ကျွန်တော် နဂိုကမှ စကားနည်းရတဲ့အထဲ အခုဆိုရင် ပိုပြီးတောင် စကားမပြောဖြစ်တော့ဘူး။ ကျွန်တော့် စိတ်ထဲ ရှိတဲ့ ဆင်းရဲဒုက္ခတွေကို တစ်ယောက်ယောက်ကို ပြောပြချင်ပေမယ့်လည်း ဘယ်သူ့ကို ပြောရမလဲမသိဘူး။ ကျွန်တော့်မိန်းမကလည်း သူ့ဘာသာသူတောင် မနည်းရပ်တည်နေရတာ၊ သူ့ကို ကျွန်တော့်အပူတွေ မပေးချင် တော့ဘူး။

Read More

ကျန်းမာသောချစ်ခြင်းများဆီ

ကျန်းမာသောချစ်ခြင်းများဆီ

ကျွန်တော် စိတ်ကျတဲ့အချိန်မှာ မြင်မြင်သမျှက အဆင်မပြေဘူး။ အရာရာကလည်း ထိလွယ်ရှလွယ်ပဲ။ အဲဒီအချိန်မှာ ကျွန်တော် သိပ်ချစ်တဲ့ လက်တွဲဖော်ကို အော်ဟစ် ဆဲဆိုမိတယ်။ ရိုက်နှက်တယ်။ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ဒေါသနဲ့ ဖောက်ခွဲတယ်။ ဘာဆိုဘာမှ အခြေတကျ မရှိတဲ့ ဘဝမှာ အနာဂတ်ဆိုတာ ရေရေရာရာ မရှိခဲ့ဘူး။

Read More

တန်ဖိုး

တန်ဖိုး

တစ်ခါတစ်ခါ ကျွန်မ ဘာအလုပ်မလုပ်ဘဲ တစ်နေကုန် အိပ်ပဲ အိပ်နေမိတယ်။ အိပ်နေရင် အရာအားလုံးကို မေ့သွားတယ်။ ဒါပေမဲ့ ကျွန်မ ပြန်နိုးထလာချိန်မှာ ဆက်ရှင်သန်ရတယ်။ ကျွန်မ ဆုံးဖြတ်ချက် တစ်ခု ချလိုက်တယ်။ ကျွန်မကို တန်ဖိုးမထားတဲ့ ပတ်ဝန်းကျင်ကနေ ရုန်းထွက်ဖို့။ ကျွန်မကိုယ် ကျွန်မ ပြန်ရှာဖွေတယ်။

Read More

ဖိုးချွဲ

ဖိုးချွဲ

ငါ့မှာ ငါ့တိုင်းပြည်အကြောင်းတွေ ငါ့တိုင်းပြည်ကလူတွေ သေကျေ ဒုက္ခရောက်တာတွေကြောင့် စိတ်မကောင်းရတာတွေ၊ ငါ့မိသားစုကို စိတ်ပူတာတွေ၊ ငါ့အိမ်ထောင်ရေးပြဿနာတွေရှိနေပေမယ့် အဲ့ဒါတွေက ထုတ်ပြောလို့ရသေးတယ်ဟယ်။ ဒါပေမယ့် ငါ့ကြောင့် နင်ဒုက္ခရောက်ရတယ်ဆိုတဲ့ အပြစ်စိတ်ကြီး အရမ်းကြီးနေတာကိုတော့ ဘယ်သူ့ကိုမှ မပြောမိဘူး။

Read More

ရိုဘော့

ရိုဘော့

ကြောက်တယ်ဆိုတာ ဘယ်လိုမျိုးလဲ။ စိတ်လှုပ်ရှားတာတို့ ဝမ်းနည်းတာတို့ဆိုတာရော ဘယ်လိုဖြစ်တာမျိုးလဲ။ သူများတွေ သတင်းဆိုးတွေ ကြားရလို့ ငိုနေရင်လည်း ကျွန်မက ကြောင်တောင်တောင်ကြီးနဲ့။ ဘာခံစားရမလဲဆိုတာကို ကျွန်မ တကယ်မသိတော့တာ။

Read More

တွင်းအောင်းကြွက်

တွင်းအောင်းကြွက်

မလွတ်မြောက်နိုင်မှန်းသိလာတဲ့အခါ၊ ဘာမှမတုံ့ပြန်နိုင်မှန်း သိလာတဲ့အခါ ကိုယ့်ကိုယ်ကို နာကျင်အောင် လုပ်မိတယ်။ ပြီးခဲ့တဲ့ ကိစ္စ တော်တော်များများ အရင်လို မှတ်ဉာဏ်ထဲမှာ စွဲနေတာမျိုး မရှိတော့ဘူး။ မေ့လွယ်လာခဲ့တယ်။

Read More

အနီ

အနီ

ဘယ်လိုပဲ ကြိုးစားကြိုးစား အိပ်ပျော်သွားလည်း ခဏပဲ။ အိပ်မက်တွေ အသံတွေ မြင်ကွင်းတွေကြောင့် ကျွန်တော် ခဏခဏ လန့်နိုးတယ်။ ကြည့်လေရာမှာ အနီကွက်တွေပဲ မြင်တယ်။ နားထဲမှာ ငိုသံတွေပဲ ကြားနေတယ်။ နေ့တိုင်း ပုံမှန်လို ကြိုးစားအလုပ်လုပ်ရင်း နေထိုင်နေပေမယ့် ပုံမှန်လည်း မဖြစ်လာတော့ပါဘူး။

Read More