“၀လာလိုက်တာ၊ ပိန်သွားလိုက်တာ၊ အသားတွေ ညိုသွားတယ်နော်” စတဲ့ ပတ်၀န်းကျင်က အမြဲတစေ နှုတ်ဆက်တယ်ဆိုတဲ့အဖြစ်ကလည်း စိတ်ညစ်စရာပါပဲ။ ဒါဟာလည်း စိတ်အနှောက်အယှက် ဖြစ်စရာ၊ harassment မြောက်တာပါပဲနော်။ ကိုယ့်ခနာကိုယ်လေးကို အကောင်းမြင်တတ်လာဖို့၊ ချစ်တတ်လာစေဖို့ မပန်းနီရဲ့ ပုံလေးတွေကိုတော့ အိတ်လှလှလေးတွေအပေါ်မှာ ဆေးဆွဲ ပုံနှိပ်ထားပါတယ်။ ဒီအိတ်ကလေးတွေကိုတော့ မိသားစု လုပ်ငန်းတစ်ခုအနေနဲ့ ချင်းမိုင်မှာ အခြေကျတဲ့ တာ၀န်ယူတတ်တဲ့ လုပ်ငန်းကနေ မှာယူထားတာပါဖြစ်ပါတယ်။

ပျားအိမ်ကလေးကို ပြန်လည်ရှာတွေ့သွားခဲ့တဲ့ ပျားကလေး အကြောင်း …


သက်တံ့လေးရဲ့ ရောင်စုံလှပမှု၊ ပျားကလေးရဲ့ ဖြတ်သန်းခဲ့ရတဲ့ ခရီးလမ်းတွေနဲ့၊ ချစ်ခြင်းလေးတွေအကြောင်းကိုတော့ မြန်မာအမျိုးသမီး မိခင်တစ်ဦးက သိုးမွှေးကြိုးလေးတွေနဲ့ ချစ်စရာပစ္စည်းလေးတွေ ပြုလုပ်ထားပါတယ်။

ကျွန်မရဲ့ ၀မ်းနည်းနေခဲ့ရတဲ့ ဗဂျိုင်းနားလေး

ကိုယ်ရဲ့ ချစ်ရသူကနေ အကြောင်းကြောင်းနဲ့ အနိုင်ကျင့် နှိပ်စက်ခဲ့လို့ ၀မ်းနည်းနေခဲ့ရတဲ့ ဗဂျိုင်းနားလေးကို ခက်တီကနေ ပုံလေး ဆွဲထားပေးပါတယ်။ ဒါလေးကိုတော့ ရန်ကုန်မှာ အခြေချတဲ့ Ryan ကနေ အိတ်လေး ချုပ်ပေးပြီးတော့ Doh Zat အတွက် ပါ၀င်ပေးခဲ့တာပါ။

ချီတာ

ချီတာလေးကိုတော့ ဗမာတက်တူးဆရာမလည်းဖြစ် ပုံဆွဲဆရာမ ဖြစ်တဲ့ ကူကူးကနေ ချစ်စရာ ပုံလေး ဆွဲပေးခဲ့ပါတယ်။ ချစ်စရာ ချီတာလေးကို အားပေးချင်တယ်ဆိုရင်တော့ တီရှပ် အဖြူရောင်လေးပေါ်က ကူကူးရဲ့ လက်ရာ ချီတာလေးကို ၀ယ်ယူလို့ ရပါတယ်။

ကျမ အသက် ၆ နှစ်အထိ အမှောင်ဆိုတာကို မသိခဲ့ဘူး …

ကလေးတစ်ယောက်ရဲ့ အရွယ်နဲ့ မမျှတစွာပဲ သယ်ပိုးလာခဲ့ရတဲ့ စိတ်ဒဏ်ရာတွေရယ်၊ ကြိုးစားမှု အများကြီးနဲ့မှ​ ရုန်းထွက်လာနိင်ခဲ့တဲ့ ဇာတ်လမ်းလေးကိုတော့ ဒို့ဇာတ်ရဲ့ ဦးဆောင်သူတစ်ဦး ဖြစ်တဲ့ နန်းညီက ပုံဖော်ရေးဆွဲထားပါတယ်။ တီရှပ် အဖြူရောင်လေးပေါ်က ချစ်စရာ ခရမ်းရောင်လေးနဲ့ လူကလေးပေါ့။

အဒေါ်နန်း

လေးထောင့်ပုံ ငွေလက်စွပ်လေးကတော့ အဒေါ်နန်းရဲ့ ခက်ခဲတဲ့ အခြေအနေတွေကြားကနေ ကြံ့ကြံ့ခံနိုင်စွမ်းကို ဂုဏ်ပြုပြီးတော့မှ အဒေါ်နန်းနေထိုင်နေရာ ထိုင်းနိုင်ငံ မြောက်ပိုင်း မြို့ငယ်ကလေးက ငွေထည်လက်မှူထည်လေးကို Doh Zat ကနေ တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။

အပေါ်မှာ ပြထားတဲ့ ပစ္စည်းတွေကို ဇူလိုင်လ ၁၅ ရက်နေ့မှာ ချင်းမိုင်မြို့မှာ ပြုလုပ်မယ့် Doh Zat Launch Event မှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။
အွန်လိုင်းက ဝယ်ယူချင်သူတွေကအနေနဲ့ ကျွန်ုပ်တို့ရဲ့ ဆိုရှယ်မီဒီယာစာမျက်နှာတွေမှာ မက်ဆေ့ချ်ပို့ထားလို့ရပါတယ်