ကျွန်ုပ်တို့နဲ့ပူးပေါင်း

ဆောင်ရွက်နိုင်ပါတယ်

လူတိုင်းက အနုပညာရှင်တွေဖြစ်တယ်လို့ ကျွန်ုပ်တို့က ယုံကြည်ထားပါတယ်။ အနုပညာရှင်တွေဟာ သူတို့ယုံကြည်ရာတွေအတွက် သတင်းစကားဖန်တီးမျှဝေရာမှာ အမျိုးမျိုးသောကြားခံပစ္စည်းတွေကို အသုံးပြုကြပါတယ်။ တကယ်လို့ သင့်ရဲ့ စိတ်ဝင်စားမှုနဲ့ တန်ဖိုးထားမှုတွေက ကျွန်ုပ်တို့နဲ့ တူညီနေမယ်ဆိုရင် ဒို့ဇာတ်ရဲ့ စီမံကိန်းတွေမှာ သင့်ရဲ့အနုပညာလက်ရာတွေနဲ့ ပါဝင်ထောက်ကူပေးဖို့ ဖိတ်ခေါ်လိုပါတယ်။


သင့်ရဲ့အနုပညာလက်ရာတွေနဲ့ ပါဝင်ထောက်ကူနိုင်မယ့်နည်းလမ်း ၃ မျိုး ရှိပါတယ်။

ကျွန်ုပ်တို့ရဲ့ ဝက်ဘ်ဆိုက်မှာတင်ထားတဲ့ ဇာတ်လမ်းတွေထဲက သင်နဲ့ အချိတ်အဆက်မိတယ် လို့ ခံစားရတဲ့ ဇာတ်လမ်း တစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုတဲ့ ဇာတ်လမ်းတွေကို ရွေးချယ်ပြီး အဲ့ဒီဇာတ်လမ်းတွေကိုအခြေခံလို့ တစ်ခုခု ဖန်တီးနိုင်ပါတယ်။

ကမ္ဘာကြီးနဲ့မျှဝေချင်တဲ့ ဇာတ်လမ်းတစ်ပုဒ်သင့်မှာရှိတယ်၊ အဲ့ဒီကိုယ်ပိုင်အတွေ့အကြုံပေါ်မှာ အခြေခံလို့ အနုပညာလက်ရာတွေ ဖန်တီးချင်တယ်ဆိုရင်လည်း ရပါတယ်။

အကြောင်းတစ်ခုခုကြောင့်မို့လို့ ကိုယ့်ရဲ့ကိုယ်ပိုင်ဇာတ်လမ်းကို မရေးချင်ဘူး၊ ဒါပေမယ့် ကျွန်ုပ်တို့ ဝက်ဘ်ဆိုက်ကိုလည်း သင့်ရဲ့အနုပညာနဲ့ ပါဝင်ထောက်ကူချင်တယ် ဆိုရင်လည်း ကျွန်ုပ်တို့က အပြည့်အဝ နားလည်ပါတယ်။ ဒီလိုမျိုးအခြေအနေက စိတ်ဒဏ်ရာတွေကို ပြန်ခံစားနိုင်ရတယ်၊ မေ့ထားချင်တဲ့အရာတွေကို ပြန်ပြီး အစပျိုးလာစေတယ်ဆိုတာကိုလည်း ကျွန်ုပ်တို့က ကျွန်ုပ်တို့ရဲ့ စိတ်နှလုံးတစ်ခုလုံးနဲ့ ခံစားနားလည်ပေးနိုင်ပါတယ်။ တကယ်လို့ သင့်ရဲ့ဇာတ်လမ်းကို အနုပညာလက်ရာ တစ်ခုတည်းနဲ့ပဲ မျှဝေလိုတယ်ဆိုရင်လည်း ကျွန်ုပ်တို့ကို ပြောဖို့ အားမနာပါနဲ့။