About

ဒို့ဇာတ်

“ဒို့ဇာတ်” ဆိုတာ လူတစ်ယောက်ရဲ့ ကျား/ မဖြစ်တည်မှု၊ အသက်၊ လူမျိုး/ လူမျိုးစု၊ လိင်စိတ်ခံယူမှုတို့ပေါ် မူတည်ပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေ၊ နှောင့်ယှက်ခံရမှုတွေ၊ အနိုင်ကျင့်ခံခဲ့ရမှုတွေရဲ့ နောက်ဆက်တွဲ စိတ်ခံစားမှု ဆိုင်ရာ ကျန်းမာရေးအခက်အခဲတွေနဲ့ ပတ်သက်တဲ့ အဖြစ်အပျက်နဲ့ ဇာတ်လမ်းတွေကို ဒစ်ဂျစ်တယ်မီဒီယာအမျိုးမျိုးသုံးပြီး ကာယကံရှင်တွေရဲ့ ရှုထောင့်ကနေ  ပြန်လည်ဝေမျှပြောဆိုကြတဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။

တကယ့်လက်တွေ့အခြေအနေမှာက အဲ့ဒီလို စိတ်ခံစားမှုဆိုင်ရာ ကျန်းမာရေးပြဿနာခံစားနေရတဲ့သူတွေအတွက် သူတို့ရဲ့ ပြဿနာတွေကို ထုတ်ဖော်ပြောကြားနိုင်ဖို့ထက် အသံတိတ်နေရဖို့ ဒါမှမဟုတ် အထူးအဆန်းသတ္တဝါ တစ်ယောက်လို  ဆက်ဆံခံရဖို့က ပိုပြီး ဖြစ်နိုင်ချေများပါတယ်။ သူတို့အများစုမှာက စိတ်ဒဏ်ရာတွေကြောင့် ဒီလို အဖြစ်အပျက်တွေကို ပြန်လည်ဝေမျှနိုင်ဖို့ ခက်ခဲကြရကြရသလို တချို့တွေဆို ခံစားခဲ့ရတဲ့သူအပေါ် အပြစ်တင် ဝေဖန်ခံရမှာ၊ ပိုပြီးအကြမ်းဖက်ခံရမှာ ဒါမှမဟုတ် လက်ရှိရထားပြီးဖြစ်တဲ့ အထောက်အပံ့လေးတွေ လက်လွှတ်ဆုံးရှုံးလိုက်ရမှာ စိုးရိမ်ကြောက်ရွံ့နေကြရတာမျိုးလည်း ရှိကြပါတယ်။

အဲ့ဒီလိုအဖြစ်အပျက်ဇာတ်လမ်းတွေကို ကမ္ဘာကြီးက ကြားသိဖို့လိုတယ်လို့ ‘ဒို့ဇာတ်’က ခံယူထားပါတယ်။ ဒီလို အဖြစ်မှန်တွေကို ဝေမျှပေးမှသာ ဖတ်ရှုကြားသိကြရသူတွေအနေနဲ့ သူတို့ကိုယ်တိုင်ဖြစ်စေ မိသားစု၊ အသိ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်နဲ့ အခြားသော သူတွေရဲ့စိတ်ခံစားမှုဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ကြုံတွေ့ လာရတဲ့အခါ လိုအပ်သလို ပြောင်းလဲပြီး ရင်ဆိုင်ကျော်ဖြတ်ဖို့ စိတ်ခွန်အားရမယ်လို့လည်း မျှော်လင့်ပါတယ်။

အနုပညာဆိုတာ စိတ်ဒဏ်ရာတွေကို ကုစားနိုင်ဖို့၊ လူထုအခြေပြု အသိုက်အဝန်းတွေ တည်ဆောက်နိုင်ဖို့၊  အချင်းချင်းဆက်သွယ်ဖို့နဲ့  ပိုမိုကောင်းမွန်တဲ့ လူမှုဝန်းကျင် ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာစေဖို့ စွမ်းဆောင် နိုင်တဲ့ ကိရိယာတစ်ခုလို့ ‘ဒို့ဇာတ်’က ယုံကြည်ထားပါတယ်။ ဒါကြောင့်ပဲ စိတ်ခံစားမှုကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင် နေတဲ့သူတွေရဲ့ အတွေ့အကြုံတွေကို အနုပညာလက်ရာတွေက တစ်ဆင့် ဖော်ထုတ်တင်ပြနိုင်ဖို့ ‘ဒို့ဇာတ်’ က အနုပညာရှင်အမျိုးမျိုးနဲ့လက်တွဲကြိုးပမ်းခဲ့တာပဲ ဖြစ်ပါတယ်။ အနုပညာအမျိုးမျိုးဆိုတာမှာ ရုပ်ပုံ၊ သရုပ်ဖော် တင်ဆက်မှု၊ ဂီတ၊ ပန်းချီ၊ ရုပ်ပြကာတွန်း၊ animation၊ ကဗျာ၊ လက်မှုပညာ၊ ပိုစတာနဲ့ ရုပ်ရှင်စတဲ့ နယ်ပယ် အမျိုးမျိုးကို အသုံးပြုပါတယ်။ စိတ်ခံစားမှုဆိုင်ရာ ကျန်းမာရေးပြဿနာတွေအကြောင်း လူထုကို အသိပညာ မြှင့်တင် ပေးသလို အနုပညာရဲ့ စွမ်းပကားကို အသုံးချပြီး စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာ အထောက်အပံ့တွေကို ပေးအပ်ခြင်းအားဖြင့်  ပိုမိုကောင်းမွန်တဲ့ လူမှုပတ်ဝန်းကျင် ဖြစ်ပေါ်လာနိုင်ရေး အကျိုးပြုဖို့ ရည်ရွယ်ထားပါတယ်။ 


မျှော်မှန်းချက်

“လူတစ်ဦးတစ်ယောက်ချင်းစီတိုင်း အကြမ်းဖက်မှုနှင့် အနိုင်ကျင့်ခံရမှုများမှ ကင်းဝေးပြီး စိတ်ခန္ဓာကျန်းမာခြင်းနှင့် ကြင်နာချစ်ခင်ခြင်းများကို အစဥ်အလာအဖြစ် ကျင့်သုံးသော ကမ္ဘာကြီးဖြစ်လာစေဖို့ ‘ဒို့ဇာတ်’က မျှော်မှန်းချက် ထားပြီး ကြိုးပမ်းနေပါတယ်။”


ခံယူချက်နှင့်တာဝန်များ

  • To stop all forms of abuse, violence, harassment/bullying including physical, psychological, mental and sexual based on gender, age, race and ethnicity, and sexuality.

  • To create a space where people can both receive and offer help as it’s needed.

  • To present a platform for artists/creatives to showcase their work.

  • To celebrate the value local artists and creatives and their quality projects and products.


ဒို့ဇာတ်က ဘာလုပ်သလဲ

Doh Zat is a digital platform where our stories and experiences are collected in Burmese, English and other ethnic languages.

Many victims are silenced or demonized for speaking up. Many are still grappling with the trauma of abuse which can be a barrier to sharing their stories. Some are scared of victim blaming, further violence, or losing support systems.

We believe that these stories need to be heard and shared. When our truth is shared, change can happen like a ripple effect: people can make a change in their families, workplaces, schools, and interpersonal relationships. We, Doh Zat founders, are both artists, and we believe more than anything in the power of the art through which we can represent these stories. This is why we are working with different creatives to make art for each story that is shared through Doh Zat. Alongside this, we are producing the quality, sustainable and impactful products by local artisans to raise funds to support our victims/survivors, women and children in risk.


တည်ထောင်သူများ

နန်းညီ

နန်းညီဟာ ဒို့ဇာတ် ကို တည်ထောင်သူတစ်ဦးဖြစ်ပြီး စာတည်းဖြတ်မှုဆိုင်ရာကဏ္ဌနဲ့ ဆက်ဆံပြန်ကြားရေးကဏ္ဌမှာ ဒါရိုက်တာအဖြစ် တာ၀န်ယူထားသူ ဖြစ်ပါတယ်။ ဆက်ဆံပြန်ကြားရေးဆိုင်ရာလုပ်ငန်းကို အထူးပြုလုပ်ကိုင်သူဖြစ်ပြီးတော့၊ အနုပညာနဲ့ စာရေးသားခြင်းများမှာလည်း ၁၀ နှစ်တာ အတွေ့အကြုံရှိသူဖြစ်ပါတယ်။ အစိုးရမဟုတ်သော အဖွဲ့အစည်းများနဲ့ နိုင်ငံတကာကုမ္ပဏီများမှာ အချိန်ပြည့်အလုပ်လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်တာကြောင့် ပြောဆိုဆက်သွယ်ရေး၊ ပွဲစီစဉ်ခြင်းများ၊ လုပ်ငန်းစီမံခန့်ခွဲခြင်းများကိုလည်း ကောင်းစွာလုပ်ကိုင်နိုင်သူဖြစ်ပါတယ်။ သက်ငယ်မုဒိမ်းမှုကျူးလွန်ခံရဖူးပြီး အောင်မြင်ဖြတ်သန်းခဲ့သူလည်း ဖြစ်တဲ့အတွက် လူမှုဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များဖြစ်တဲ့ လိင်လုပ်သားများ အခွင့်အရေး၊ လိင်အကြမ်းဖက်မှုများနဲ့ ကလေးသူငယ်ညှင်းပန်းနှိပ်စက်မှုများ ဆန့်ကျင်ရေးဆိုင်ရာ ပညာပေးကိစ္စရပ်တွေမှာ တက်ကြွစွာ လှုပ်ရှားဆောင်ရွက်သူတစ်ဦးလည်း ဖြစ်ပါတယ်။ လိင်စိတ်ခံယူမှုနှစ်မျိုးလုံးချစ်ခင်သူ (Bi-sexual) ဖြစ်တဲ့အတွက် LGBTQIA+ အသိုင်းအဝိုင်းမှာလည်း ပါဝင်သူဖြစ်ပြီး လူငယ်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးနဲ့ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးများကိုလည်း စိတ်ပါဝင်စားသူပါ။ ကလေးငယ်များနဲ့ လူငယ်များအတွက် နည်းပညာတတ်ကျွမ်းနားလည်ရေး သင်တန်းများကို မြန်မာနိုင်ငံနဲ့ နယ်စပ်ဒေသများမှာ ပို့ချခဲ့ဖူးသူ ဆရာတစ်ဦးလည်း ဖြစ်ပါတယ်။ ကြံ့ခိုင်ပြီး ကိုယ်ပိုင်အမြင်ရှိသူ မိဘတစ်ဦးဖြစ်တဲ့အတွက် ကမ္ဘာကြီးနဲ့ လူသားများ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ရရှိနိုင်ဖို့ လူငယ်များကို ကောင်းစွာ ပျိုးထောင်နိုင်ခြင်းကသာ အဓိကအကျဆုံးလို့ ယုံကြည်သူဖြစ်ပါတယ်။

LinkedIn

မပန်းနီ

မပန်းနီဟာ ဒို့ဇာတ် ကို တည်ထောင်သူတစ်ဦးဖြစ်ပြီး စိတ်ကျန်းမာရေးအထောက်အပံ့ပေးခြင်းဆိုင်ရာကဏ္ဌမှာ အတိုင်ပင်ခံ တာ၀န်ယူထားသူ ဖြစ်ပါတယ်။ တန်းတူညီမျှမှုကို ယုံကြည်သူ ဖြစ်တဲ့အတွက် ဖီးမီးနစ်တစ်ဦးအဖြစ် ဂုဏ်ယူစွာ ရပ်တည်နေသူပါ။ လိင်စိတ်တိမ်းညွတ်မှူ တစ်သတ်မှတ်ထဲ မရှိသူ (queer) အမျိုးသမီး ဖြစ်ပါတယ်။ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အရပ်ဖက်အဖွဲ့အစည်းတွေမှာ စိတ်ကျန်းမာရေး၊ လူငယ်၊ အနုပညာ၊ ကျားမနှင့်အခြား တန်းတူညီမျှရေး၊ တာ၀န်သိသော စီးပွားလုပ်ငန်းများ၊ နိုင်ငံရေးဖလှယ်ခြင်းဆိုင်ရာ အရေးတွေမှာ ၉ နှစ်ကျော် အတွေ့အကြုံရှိသူ ဖြစ်ပါတယ်။ မြန်မာစာနဲ့ ဘွဲ့ရထားခဲ့ပြီး အရပ်ဖက်အဖွဲ့အစည်းများရဲ့ အရေးပါမှုကို ယုံကြည်သူ တစ်ဦးပါ။ #iBleed ဆိုတဲ့ ရာသီသွေးအပေါ်မှာ ကန့်သတ်ခံထားခြင်းတွေအပေါ် မေးခွန်းထုတ် ကျယ်ကျယ်လောင်လောင်ဆွေးနွေးပြီး လူထုအကြား ပျံ့နှံ့စေဖို့လည်း လုပ်ဆောင်ခဲ့ပါတယ်။ အခုဆိုရင်တော့ အနုပညာရှင်၊ ဖန်တီးသူ၊ လူငယ်၊ အကြမ်းဖက်မှု ကျူးလွန်ခံနေရသူ/ လွတ်မြောက်လာခဲ့သူတွေအတွက် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ပေးခြင်း၊ မိမိကိုယ်ကို စောင့်ရှောက်နိုင်စေရန် သင်တန်းများပေးခြင်းအတွက် နာရီ ၄၀၀ ကျော် လုပ်ကိုင်ထားသူ ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ ပြောင်းလဲခြင်းတွေအတွက် စတင်တတ်သူ၊ ကျန်းမာတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်ဖို့ ယုံကြည်တဲ့သူ ဖြစ်တဲ့အတွက် တစ်ကိုယ်ရည်မှာလည်း ပတ်၀န်းကျင်ကို စောင့်ရှောက်ဖို့ရာ အပင်များ အခြေခံ စားသုံးခြင်း၊ တာ၀န်ရှိ လုပ်ငန်းများမှ ထုတ်ကုန်များကိုသာ သုံးစွဲခြင်းကို ကျင့်သုံးသူ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်အတွက် University of Bradford မှာ စာသင်ကြားဖို့ရာ Rotary Peace Fellowship ဆုကို ရရှိထားပါတယ်။

LinkedIn


ဘယ်သူတွေနဲ့ ချိတ်ဆက်လုပ်ဆောင်နေသလဲ

ဒို့ဇာတ်က ဒီလူတွေနဲ့ အလုပ်တွဲလုပ်ပါတယ်

  • ဇာတ်လမ်းများကို ပြောပြပေးနေတဲ့ ထိခိုက်နစ်နာသူ/ရှင်သန်ကျော်လွှားနိုင်သူများ

  • ဇာတ်လမ်းများကို မည်သည့်အနုပညာပုံစံနှင့်မဆို ပုံဖော်ပေးနိုင်မယ့် အနုပညာရှင်များနဲ့ တီထွင်ဆန်းသစ်သူများ

  • ထိခိုက်နစ်နာသူ/ရှင်သန်ကျော်လွှားသူ၊ ထိခိုက်နိုင်ချေရှိသော အမျိုးသမီးများနှင့် ကလေးသူငယ်များအား ထောက်ပံ့ကူညီလိုသူ

အထက်ပါ ခေါင်းစဥ်များထဲက တစ်ဦးချင်း၊ အဖွဲ့လိုက်၊ အဖွဲ့အစည်းများနဲ့ လက်တွဲအတူ အလုပ်လုပ်ကိုင်ပါတယ်။