ကျွန်မရဲ့ ၀မ်းနည်းနေခဲ့ရတဲ့ ဗဂျိုင်းနားလေး!
ကျွန်မရဲ့ ၀မ်းနည်းနေခဲ့ရတဲ့ ဗဂျိုင်းနားလေး!
မပန်းနီ
အဲ့ဒီအဖုတ်ကြောင့်ပဲ ...
အဲ့ဒီအဖုတ်ကြောင့်ပဲ …
အဲ့ဒီအဖုတ်ကြောင့်ပဲ ...
ဒီယောကျာ်းက ကျွန်မကို နှိပ်စက်လို့ကို မပြီးနိုင်ဘူး။
ဒီအဖုတ်ကြောင့်ပဲ -
မျက်နှာကို လက်သီးနဲ့ ထိုးတယ်
ရင်ဘတ်ကို ခြေထောက်နဲ့ ကန်တယ်
လက်ကောက်၀တ်တွေဆိုတာ လိမ်ဆွဲတယ်၊ လိမ်ချိုးတယ်.
ဆေးရုံ ဆေးခန်းဆိုတာက တစ်ခါမှ မပြတ်ရဘူး။
မျက်လုံးဆေးခန်းကနေ စပြီးတော့မှ အရိုးအကြော၊ ကိုယ်၀န်ဖျက်ချတဲ့ ဆေးခန်း အထိ အကုန့်အကုန်ပါတယ်။
ဒဏ်ရာတွေဆိုတာက
ခန္ဓာကိုယ်မှာ မြင်ရတဲ့ ဒဏ်ရာရော - နှလုံးသားထဲရော - ဦးနှောက်ထဲမှာရော ရှိနေတဲ့ ဒဏ်ရာတွေမှ အများကြီးပဲ။
ဒီအကောင်က ကျွန်မကို မလုပ်ခင် - မလုပ်ခင်ကလေးမှာတင်
နံရံကို ထိုးတယ်။
အော်တယ်။
ဆဲတယ်။
ဖုန်းတွေကို ယူပြီး လွှင့်ပစ်တယ်။
ကျွန်မပေါင်ပေါ်မှာ တင်ထားတဲ့ ကွန်ပြူတာကို ယူပြီးမှ ဆွဲယူပြီး လွှင့်ပစ်တယ်။
ပြီးတဲ့အခါကျတော့ တောင်းပန်တယ်။
တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်။ အဲလို မဖြစ်စေရပါဘူး။
ဒေါသတွေ မထိန်းနိုင်လို့ပါ။ အဲလို မဖြစ်စေရပါဘူး တောင်းပန်တယ်။
နောက်ကျတော့လည်း လူကို ပြန်ရိုက်တာပဲ။
ဆိုတော့ တောင်းပန်တာက သပ်သပ်၊ ဆက်ပြီးတော့ အနိုင်ကျင့်နေတာက သပ်သပ်ပဲ။
တစ်ခေါက်မှာ အဲ့ဒီအကောင်က သူနဲ့ မအိပ်လို့ - လိင်မဆက်ဆံလို့ ဆိုပြီးတော့ ကျွန်မကို ရိုက်တယ်။
မျက်လုံးလေးမှာဆိုရင် မျက်ဆံနက်နက်လေးရဲ့ဘေးမှာ၊ အဖြူရောင်နေရာလေးရှိတယ် မဟုတ်လား။ အဲ့ဒီနေရာမှာ သွေးကြောလေးတွေ ရှိတယ်။ သူရိုက်လိုက်တဲ့ အခါမှာ အဲ့ဒီသွေးကြောလေးတွေပေါက်သွားပြီးတော့ ကျွန်မရဲ့ ဒီဘက် မျက်လုံးကြီးက အနီရောင်ကြီး ဖြစ်သွားတာ။ မျက်ဆံနက်နက်လေးရဲ့ဘေးမှာ အနီရောင်ကြီး ကြောက်စရာကြီး။ ကြည့်လိုက်တာနဲ့ကို ကြောက်စရာကြီး။
ကျွန်မရဲ့ ခံစားချက်က သေးသေးလေး။
ကျွန်မအဲ့ဒီ ဒဏ်ရာတွေနဲ့ အပြင်လည်း မထွက်ရဲဘူး။
လူတွေမေးတဲ့ မေးခွန်းကိုလည်း ဖြေစရာ မရှိဘူး။
ဘာဖြစ်တာလဲ၊ ကျွန်မ ဘာဖြေရမယ် မသိဘူး။
ကျွန်မက သတ္တိရှိတဲ့ မိန်းမတစ်ယောက်ဟုတ်တယ်။
ကိုယ်လိုချင်တာ ကိုယ်သိတယ်၊ လုပ်နိုင်ကိုင်နိုင်စွမ်းတွေလည်း ရှိတယ်။
ကျွန်မဟာတော်တဲ့ မိန်းမတစ်ယောက်။
ဒါပေမယ့် ဒီအခြေအနေတွေ ဖြစ်တဲ့ အခါမှာ ကျွန်မဟာ အရင်တုန်းက တော်တဲ့ မိန်းမတစ်ယောက် မဟုတ်တော့ဘူး။
ဆိုတော့ ဒီလိုမျိုး အရိုက်မခံချင်ရင် အထုမခံချင်ရင် ဒီလူနဲ့ ပြတ်လိုက်ပါလား။
ဘေးလူတွေက ပြောတယ်၊ ပြတ်လိုက်ပါလားတဲ့။
ပြတ်လိုက်ရင် ပြီးနေတဲ့ ကိစ္စကို နင် ဘာလို့ အရိုက်ခံနေလဲ။
ကျွန်မအတွက် လိုအပ်တာ အဲ့တာ မဟုတ်ဘူး။
ပြတ်လိုက်ပါလားဆိုတဲ့ စကားတစ်ခုက ကျွန်မအတွက် မလုံလောက်ဘူး။
အဲဒါဖြစ်ခဲ့တဲ့ အချိန်တုန်းက ဖေဖော်၀ါရီ အချိန်ကြီးမှာ။
ဖေဖော်၀ါရီ စစခြင်း coup တွေ ဖြစ်တဲ့အချိန်မှာ - သတင်းတွေအများကြီး ဖြစ်တယ်။
ကျွန်မမှာ မျက်လုံးဒဏ်ရာကြီးနဲ့ သတင်းတွေ ဖတ်လို့ မရဘူးဆိုတဲ့အခါကျတော့ သူက လာဘေဘီလာ၊ ကိုကို ဖတ်ပြမယ်ဆိုပြီးတော့မှ သတင်းတွေကို ပြီးတော့ ဖတ်ပြတယ်။
နောက်တစ်ခါကျတော့ ဆန္ဒတွေ ပြကြတဲ့ အချိန် ည ၈ နာရီဆို ကျွန်မတို့တွေက သံပုံးတီးကြတယ်လေ။ တောင်တောင်တောင်တောင်နဲ့။
အဲ့ဒီအချိန်မှာ ကျွန်မမှာ မှန်အကြီးကြီးရှိတယ်။ တစ်ကိုယ်လုံး မြင်ရတဲ့ မှန်ကြီး။ အဲ့ဒီအချိန်မှာ ကျွန်မက ဆံပင်အစိုကို လေတွေ မှုတ်နေတာ။ အဲဒီအချိန်မှာပဲ သံပုံးတီးနေတဲ့ ဟာကို ယူပြီး ကျွန်မရဲ့ မှန်ကို ခွဲတယ်။ ပြီးတော့ ဆံပင်မှုတ်နေတဲ့ hair dryer နဲ့ ကျွန်မကို ရိုက်တာ။
အခုဒီမှာဆိုရင် အကွဲရာကြီး ရှိနေတုန်းပဲ။ ဘီယာလေး ဘာလေး သောက်တယ်ဆိုရင်။ alcohol က ခန္ဓာကိုယ်ထဲ ၀င်တာနဲ့ ကွဲထားတဲ့ အရာက ပြန်ပေါ်လာတုန်းပဲ။
ပြီးတဲ့အခါ ဒီမှာ ဖြစ်နေတဲ့ မျက်နှာတစ်ခြမ်းလုံးမှာ ဖြစ်နေတဲ့ ဒဏ်ရာတွေက တစ်လလောက်ကြာတဲ့ အထိ မပျောက်ဘူး။
အဲဒီအဖုတ်ကြောင့်ဘဲ
အဲဒီအဖုတ်ကြောင့်ဘဲ ခံနေရတာ။
အဲဒီအဖုတ်ကြောင့်ပဲ။
နောက်တစ်ခါကျတော့ ကိုယ်၀န်ဖျက်ချရတယ်။
ကိုယ်၀န်ဖျက်ချတာမှ ၃ ရက်ပဲ ရှိသေးတယ်။ ဗိုက်ကို ကန်တယ်။
ကျွန်မ ထွက်ပြေးရတယ်။ အိမ်ကနေ ထွက်ပြေးရတယ်။
ကျွန်မအဖုတ်ကို သယ်ပြီး ထွက်ပြေးရတယ်။
နင့်ကို သတ်ဖို့ ငါ ၀န်မလေးဘူး ဆောက်ကောင်မ
နင့်ကိုလည်း သတ်ရဲတယ်၊ ငါကိုယ်တိုင်လည်း သေရဲတယ် ဆောက်ကောင်မ။
နင့်ကို သေအောင်သတ်ပြီး ငါက အလောင်းဖျောက်ပစ်မှာ ဆောက်ကောင်မ။
ခဏခဏပဲ။
အဲဒီစကားတွေပဲ ခဏခဏကြားခဲ့ရတာ။
အဲဒီအဖုတ်ကြောင့်ဘဲ
အဲဒီအဖုတ်ကြောင့်ဘဲ ဖြစ်နေရတာ။
အဲဒီအဖုတ်ကြောင့်ဘဲ။
အဲ့ဒီအဖုတ်ကြီးကိုပဲ သယ်ပြီး ထွက်ပြေးနေရတာပဲ။
တံခါးအောက်ကနေ ချိန်းခြောက်တဲ့ စာတွေ ပို့တာကလည်း ပါသေးတယ်။
ပြီးတော့ ကျွန်မ ရှမ်းပြည်ဘက်ကို ထွက်ပြေးတယ်။
အဲ့ဒီမှာ တစ်ရက်လည်းကျရော သူငယ်ချင်းတစ်ယောက်မွေးနေ့ ရှိတယ်။
ကျွန်မတို့တွေက drinks တွေ သောက်တယ်၊ အစားကောင်းလေးတွ စားကြတယ်။ စကားတွေလည်း ပြောကြတယ်။ လူတွေလည်း မူးကြတယ်။
ကျွန်မလည်း မူးတယ်။
ဆိုတော့ အဲ့ဒီနေ့က မူးလည်း မူးနေပြီဆိုပြီး၊ လမ်းခွဲနှုတ်ဆက်ပြီးမှ အိမ်ပြန်ကြတယ်။
ကျွန်မမှတ်မိတာက ကျွန်မမူးပြီးမှ ကိုယ့်အိမ်မှာ ကိုယ်အိပ်သွားတယ်။
ဒါပေမယ့် ဒီသူတောင်းစားက ဘယ်လိုရောက်လာလဲဆိုတာ မသိဘူး။ အိပ်ပျော်နေတဲ့ ကျွန်မကို အကျီတွေ ချွတ်ပစ်တယ်။ ကျွန်မရဲ့ နှုတ်ခမ်းနီ ရဲရဲတွေကို ဖျက်ပစ်တယ်။
ပြီးတဲ့အခါမှာ ကျွန်မရဲ့ ပေါင် ၂ ဖက်ကြားထဲ ခေါင်း၀င်ပြီး ဒီအကောင်က ဒီအဖုတ်ကို လျက်နေတယ်။
ကျွန်မနိုးလာတယ်။ စိတ်ဆိုးတယ်။ ဒေါသထွက်တယ်။
အဲ့ဒီ့အကောင်ကို ဒီလို ကန်လိုက်တယ်။ နင်ဘာလုပ်နေတာလဲ။
အဲ့ဒီအကောင်ကို ဆံပင်ကနေ စောင့်ဆွဲပြီး ကြမ်းနဲ့ ဒီလို ဒီလို ရမ်းတိုက်တယ်။ အဲ့ဒီကျောကို တက်နင်းတယ်။ နင့်ကြောင့် နင့်ကြောင့်။
ဒီအဖုတ်ကြောင့် ဒီအဖုတ်ကြောင့်။
ဆဲတယ်။ ဒီကောင့်ကိုလည်း ဆဲတယ်။
ကိုယ့်ကိုကိုယ်လည်း ဆဲတယ်။ ဒီအဖုတ်ကိုလည်း ဆဲတယ်။
ဆဲတယ်။ ဆဲတယ်။ ဆဲတယ်။
ငိုတယ်။ ငိုတယ်။ ငိုတယ်။
အော်တယ်၊ အော်တယ်၊ အော်တယ်။
အော်တယ်၊ ဆဲတယ်၊ အော်တယ်၊
ဒါကိုပဲ တောက်လျှောက်လုပ်နေရတယ်။
ငိုရင်း ငိုရင်းနဲ့ မောသွားတယ်။
အဲဒီအချိန်မှ ပြန်စဥ်းစားကြည့်တော့ ဒီအဖုတ်လေးမှာ ဘာအပြစ်မှ မရှိဘူး။
ကျွန်မကိုယ့်ဘာသာလည်း အပြစ်တင်တယ်။
ဒီအဖုတ်ကိုလည်း အပြစ်တင်တယ်။
ဒီအဖုတ်မရှိရင် ဒီအကောင်နှိပ်စက်တာတွေ ငါ မခံရတော့ဘူး။
ဒီအဖုတ်ကို အော်ဆဲရင်း ဒီအဖုတ်ကို ရိုက်ပစ်တယ်။
ငါ အရမ်းငိုရတယ်။
သေချင်စိတ်နဲ့ ဒီအဖုတ်ကို မုန်းတဲ့ စိတ်ပဲ ရှိတယ်။
ဒီအကောင်သေမလို ဆိုးရွားတာက ဒီအဖုတ်လေးနဲ့ ဘာမှ မဆိုင်ဘူး။
ဆိုတော့ ကျွန်မက ပြန်ပြီး တောင်းပန်ရတယ်။
တောင်းပန်ပါတယ် အဖုတ်လေးရယ်။
နင့်အပြစ် မဟုတ်ပါဘူး။
နင်နဲ့ ဘာမှ မဆိုင်ဘူး။
ဒီအကောင်ရဲ့ ရန်ကနေ မကာကွယ်နိုင်ခဲ့ဘူး။
တောင်းပန်ရတယ်။
တောင်းပန်ရတယ်။
တောင်းပန်ရတယ်။
တောင်းပန်ရတယ်။
တောင်းပန်ရတယ်။
ငိုရတယ်။
တောင်းပန်ရတယ်။
ဆိုတော့ ဒီလို နှိပ်စက်တာတွေကို ခံခဲ့ရတဲ့ ဒီ ၂ နှစ်အတွင်းမှာဆိုရင် ကျွန်မအတွက် သေမလို ငရဲပဲ။
အို - ခက်ခဲလိုက်တာ ခက်ခဲလိုက်တာဆိုတာ - သေမလို ငရဲပဲ။
အခုချိန်မှာ ကျွန်မအဲလို နှိပ်စက်တာတွေ မခံရတော့ဘူး။
ဆိုတော့ ကျွန်မက အဖုတ်လေးကို တောင်းပန်ရတယ်။
ပြီးတော့ ပြောပြရတယ်။
အဖုတ်လေးရယ် ဖြစ်ခဲ့တာတွေအတွက် တောင်းပန်တယ်။
မငိုနဲ့တော့နော်။
နင်လေးက အချစ်တွေနဲ့ပဲ ထိုက်တန်တာ မဟုတ်ဘူးလား ပြောရတယ်။